Friday, July 25, 2008

သံလွင်အိပ်မက် အမှတ် (၂) ၊ အတွဲ (၂) ဖြန့်ချီ

ထိန်းသိမ်းဖမ်းဆီးခံထားရသော Blogger နေဘုန်းလတ် အယ်ဒီတာအဖြစ် ဆောင်ရွက်လျက်ရှိသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ (၂) ၊ အမှတ် (၂) ကို ဇူလိုင်လ (၂၁) ရက်က ဖြန့်ချီလိုက်ပြီဖြစ်သည်။



ခေတ်မီအဆင့်မြှင့်ထားသော သံလွင်ဝက်ဘ်ဆိုက် (www.thanlwin.com) မှ ဖြန့်ချီလိုက်သော အဆိုပါ မဂ္ဂဇင်းကို အတွဲ(၂) ၊ အမှတ်(၁) အပြီး သုံးလအကြာတွင် ထပ်မံဖြန့်ချီလိုက်ခြင်းဖြစ်သည်။ စာရေးဆရာ၊ ဘလော့ဂ်ဂါ (၃၀) ကျော်တို့၏ စာပေလက်ရာများသာမက ဓါတ်ပုံ၊ ကာတွန်း၊ အင်တာဗျူးများကိုလည်း ယခင် သံလွင်အိပ်မက်များနည်းတူ ထည့်သွင်းထားသည်။ ယခုအပတ်တွင် နေဘုန်းလတ် ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်နှင့် ဆောင်းပါးတစ်ပုဒ်လည်းပါဝင်သည်။ “သီချင်းငှက်၏ စေညွှန်ရာ” ရှိ အဆိုပါဆောင်းပါးမှာ သံလွင်အိပ်မက် အမှတ် (၃) တွင် ဖော်ပြပြီးဖြစ်သော်လည်း နေဘုန်းလတ်၏ ဆန္ဒအရ ထပ်မံဖော်ပြလိုက်သည်ဟု မဂ္ဂဇင်းအတွင်းတွင် ရေးသားထားသည်။ နေဘုန်းလတ်က ထောင်ဝင်စာတွေ့လာသောမိခင်ကို ၄င်းလက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ဖော်ပြပေးနိုင်သော ထိုဆောင်းပါးကို ပြန်လည်ထည့်သွင်းပေးရန် သံလွင်အိပ်မက်အား အကြောင်းကြားစေသည်ဟု သိရသည်။ နေဘုန်းလတ်ကို ဖမ်းဆီးထားသည်မှာ ၆ လ ကျော်ခဲ့ပြီဖြစ်သော်လည်း တိကျသော အကြောင်းပြချက်မရှိဘဲ ပုဒ်မအမျိုးမျိုးပြောင်းတပ်ကာ ချုပ်နှောင်ထားဆဲပင်ဖြစ်သည်။

No comments: