ခေါင်းလောင်းသံမညံပေမယ့်
ဒေါင်ဒင်သံမှန်မှန်နဲ့စဖွင့်
ဒီကျောင်းတော်ကြီးဟာ
တခါးကို လှစ်ယုံသာလှစ်တယ်။
ဒီကျောင်းတော်ကြီးမှာ
ကံ့ကော်လည်းမပွင့်
စိန်ပန်းလည်းမဝေ
အဓိပတိလမ်းဆိုတာဝေး
ခေါက်တုံ့ခေါက်ပြန် လမ်းကလေးတော့ရှိတယ်။
“စာမျက်နှာတွေ မရှိပေမယ့်
နှလုံးသားနဲ့ တွေးကြည့်ရင်
ပြဌာန်းစာအုပ်ကို မြင်လိမ့်မယ်” တဲ့
စီနီယာတစ်ယောက်ရဲ့စကား
ပထမဆုံး မှတ်သားထားလိုက်တယ်။
ခေါက်ရိုးကျိုးနေတဲ့
စာရွက်ဟောင်းတစ်ခုရဲ့အသံ
“နာခံမှုကို သင်ယူလိုက်ဦး” ပေါ့တဲ့
ဟင့်အင်း . . . စိတ်ရဲ့လွတ်လပ်ခြင်းကိုပဲ
ငါလေ့လာကြီးပြင်းမယ်
သင်ရိုးဟောင်းတွေ အကုန်ဘေးဖယ်။
နေဘုန်းလတ်
(မူရင်း - http://www.thanlwin.com/new/index.php?option=com_content&task=view&id=624&Itemid=194)
No comments:
Post a Comment