Monday, September 15, 2008

ဘလော့ဂါ တွေ့ဆုံပွဲတွင် နေဘုန်းလတ် လွတ်မြောက်ရေး ဆုတောင်းခဲ့ကြ


စက်တင်ဘာလ ၆ ရက်နေ့က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော world blog day အထိမ်းအမှတ် ဘလော့ဂါများ တွေ့ဆုံပွဲတွင် မတရားဖမ်းဆီးခံထားရသော နေဘုန်းလတ်အတွက် အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ငြိမ်သက်ဆုတောင်းခဲ့ကြသည်။ စင်္ကာပူရောက် ဘလော့ဂါအများစု တက်ရောက်ကြသော ထိုတွေ့ဆုံပွဲတွင် ဒုတိယအစီအစဉ်အဖြစ် နေဘုန်းလတ်လွတ်မြောက်ရေးအတွက် စက္ကန့် ၃၀ ငြိမ်သက်ဆုတောင်းပေးခဲ့ကြခြင်းဖြစ်သည်။ နေဘုန်းလတ်သည် ယမန်နှစ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ဘလော့ဒေး ဆီမနာကို ဦးဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ၄င်းကို ဖမ်းဆီးထားသည်မှာ ၈ လနား နီးကပ်လာသော်လည်း တိကျသော ပုဒ်မမရှိသေးဘဲ စစ်မေးရင်းသာ အချိန်ကုန်နေခဲ့သည်။ နေဘုန်းလတ်ကို ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးတစ်ခုတွင် ရုတ်တရက်ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

No comments: