Tuesday, November 11, 2008

ဘလော့ဂါ နေဘုန်းလတ် ထောင် ၂၀ နှစ်ခြောက်လ

နိုဝင်ဘာ ၁၀။ HT

စာရေးဆရာ ဘလော့ဂါတစ်ဦးဖြစ်သူ နေဘုန်းလတ် (၂၈ နှစ်)ကို ပုဒ်မ ၅၀၅ (ခ)အရ ထောင်ဒဏ် ၂ နှစ်၊ ၃၂ (ခ)။ ၃၆ အရ ထောင် နှစ်နှစ်ခြောက်လ၊

အီလက်ထရွန်းနစ်ပစ္စည်း ပုဒ်မအရ ထောင်ဒဏ် ၁၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ် ခြောက်လ ယနေ့ချလိုက်သည်။ ရုံးချိန်းသို့ အသင့်ရောက်ရှိလာ

သော မိသားစုကို ကြားနာခွင့် မပေးဘဲ စီရင်ချက် ချပြီးမှ လှမ်းပြောခြင်း ဖြစ်ကြောင်း၊ ကိုနေဘုန်းလတ်ကို မိခင်နှင့် မိသားစုက လုံးဝ မတွေ့ခံကြောင်း

မိတ်ဆွေတစ်ဦးက ပြောပြသည်။ လက်ရှိအချိန်ထိ အခြားသူများနှင့် အတူမထားဘဲ သီးခြားခွဲပြီး ချုပ်ထားကြောင်း သိရသည်။

ကိုနေဘုန်းလတ်နှင့်အတူ အဖမ်းခံရသည့် မသင်းဂျူလိုင်ကျော် (ဖိုးမူ)ကို ထောင်နှစ်နှစ်နှင့် ခြောက်လ ချလိုက်သည်။ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ

တရားသူကြီး ဒေါ်စောဥာဏ်ကို အင်းစိန်ထောင်ဝင်း အတွင်းရှိ အထူးတရားရုံးတွင် တံခါးပိတ် စီရင်ချက် ချမှတ်စေခြင်း ဖြစ်ကြောင်း၊ ရုံးချိန်းကို ကြိုတင်

သိရှိပြီး ရောက်ရှိလာသော မိသားစုမှာ အထဲမဝင်ရကြောင်း သိရသည်။

ကိုနေဘုန်းလတ်သည် ရန်ကုန်နည်းပညာတက္ကသိုလ်ဆင်း အင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် အမည်ဖြင့် ဘလော့တစ်ခု

တည်ထောင်ကာ ခံစားချက် စာစုများ ရေးသားပြုစုနေသူ ဘလော့ဂါ တစ်ဦးလည်း ဖြစ်သည်။ စင်ကာပူ နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အယ်ဒီတာ တစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး နောက် မိသားစုနှင့် အတူနေထိုင်ကာ ကိုယ်ပိုင်

စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေစဉ် ၂၀၀၈ နှစ်ဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ယခင် သင်္ကန်းကျွန်း လူငယ်တာဝန်ခံ ဖြစ်

သည့် ကိုနေဘုန်းလတ်၏ နာမကျန်း ဖြစ်နေသော အဘိုးဖြစ်သူမှာ စီရင်ချက် မချမီ ရက်ပိုင်းအလိုတွင် ကွယ်လွန်ခဲ့သည်။

မြန်မာပြည် မပြန်မီက စင်ကာပူ နိုင်ငံတွင် တွေ့ရသော ကိုနေဘုန်းလတ် (ဓာတ်ပုံ-hittaing)

“ကျွန်တော်ဟာ အနုပညာကိုခုံမင်ရူးသွပ်တဲ့ လူငယ်တစ်ယောက်ပါ …။ နေဘုန်းလတ်ဆိုတဲ့နာမည်နဲ့ ကဗျာတွေ၊ စာတွေရေးတယ် …။ မဂ္ဂဇင်းစာမျက်နှာ

အချို့မှာ ကျွန်တော်ရေးထားတဲ့ စာတွေကိုတွေ့နိုင်သလို ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် ... လေးမှာလဲ ကျွန်တော့်ရဲ့အနုပညာတွေကိုခင်းဖြန့်ချပြ ထားပါတယ်။ အနုပညာနဲ့ပတ်သက်လာရင် ရုပ်ရှင်

မင်းသားအလုပ် ကလွဲလို့ ကျန်တာ အကုန်လုပ်ချင်နေတဲ့ သူဆိုတော့ အရင်ကဆို သူများကင်မရာတွေ ခဏငှားငှားပြီး ဟိုဟိုဒီဒီသွားတဲ့အခါ ဓါတ်ပုံတွေလျှောက်ရိုက်ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ခြင်းဟာလဲ

ကျွန်တော်လွတ်ကျခဲ့တဲ့ နောက်ထပ်မြို့တော်တစ်ခုလို့ ပြောလို့ရပါတယ်”ဟု ကိုနေဘုန်းလတ်က သူ၏ ဘလော့ profile တွင် ရေးသားခဲ့သည်။

“ဟုတ်တာလဲ မဟုတ်ဘဲ သက်သက်မဲံ လူကောင်းတစ်ယောက်ကို အမှုဆင်ချတာ အင်မတန် အောက်တန်းကျပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ မလုပ်အပ်တဲ့ အရာပါ။ အေးလေ သူတို့က ယဉ်

ကျေးတဲ့ သူတွေမှ မဟုတ်တာ”ဟု ရန်ကုန်မှ လူငယ်စာနယ်ဇင်းသမား တစ်ဦးက လုံခြုံရေးအရ အမည်မထုတ်ဖော်ဘဲ ပြောကြားသည်။


(သတင်းကို http://www.hittaing.org/news/11 n1.html ဤနေရာမှ ရယူပါသည်။)

No comments: