Monday, November 17, 2008

အနှစ်နှစ်ဆယ်

မိတ်ဆွေတစ်ယောက်ဖုန်းကောက်ဆက်တယ် အနှစ်နှစ်ဆယ်တောင်တဲ့
မင်းသိတာနောက်ကျနေတယ်ဟေ့ရောင် ငါတို့နာကျင်ပြီးနေပြီ
လွန်ခဲ့သောအနှစ်နှစ်ဆယ် ငါမမွေးသေးဘူး
မျှော်လင့်ရင်းသေဆုံး ငါတောင်ကံကောင်းလို့လူဖြစ်လာတယ်မှတ်
နောင်လာမဲ့အနှစ်နှစ်ဆယ် အပ်ကြောင်းထပ်အမုန်းတရားနဲ့အနာဂတ်ဆက်ပျောက်ဦးမယ်
အောင်ပွဲခံသူခံ လဲကျသူကျနဲ့ ငရဲခန်းနဲ့အနှိပ်ခန်း အနှစ်နှစ်ဆယ်စာထပ်ခြားနား
လူသားတစ်ယောက်ဘဝတုံးနေဦးမဲ့ အနှစ်နှစ်ဆယ်
ခံစားတတ်သူများ ငိုကြွေးနေကြဦးမဲ့အနှစ်နှစ်ဆယ်
ဖန်တရာတေနေဦးမဲ့ အတိတ်ကကဲ့သို့သော အနှစ်နှစ်ဆယ်
ဒီမယ်ဟေ့လူ .... နောင်အနှစ်နှစ်ဆယ် ခင်ဗျားရောဘာဖြစ်နေမယ်ထင်လဲ
တစ်ခုတော့ရှိတယ် မွေးရပ်မြေလေးသွားမချစ်လိုက်လေနဲ့ ဒါကအနှစ်နှစ်ဆယ်
အို..ကုန်ကုန်ပြောမယ်ဗျာ... ခင်ဗျား ဗွီဒီယိုစိတ်ဝင်စားလား ဒါလည်းအနှစ်နှစ်ဆယ်ပဲ။

မစ်(စ်)သွန်းသွန်း

(စာကို မစ်(စ်)သွန်းသွန်း http://missthonnthonn.blogspot.com/2008/11/blog-post_11.htmlမှ ရယူသည်)

No comments: