Saturday, February 23, 2008

တနေ့နေ့

အင်အားပြင်းထန်လွန်းတဲ့ ဒီရေလှိုင်းတွေ
တိတ်တိတ်ကလေးနဲ့ ကမ်းပါးကို ရိုက်လိုက်တဲ့အခါ..။

ပါးလျပြီး မြိနေတဲ့ သံမဏိ ဓါးတစ်ခုနဲ့
အသံတိတ် ခွဲချလိုက်တဲ့အခါ...။

အမျိုးကိုချစ်ရင် ဒုက္ခရောက်တတ်တဲ့ စနစ်ဆိုးက
အလင်းမြစ်တစ်ခု
မောဟိုက်စွာ စီးဆင်းရသလိုမျိုး..။

ည. သူ့ အမြင်အာရုံဟာ မာကျောနေတဲ့
ကျောက်သားများ ထဲကနေ နက်ရှိုင်းစွာ ထိုးဖောက်နေတုန်း..
သူ့ နားထဲမှာတော့
သံလွင်တလှည့ှ်ဧရာဝတီတလှည့် စီးနေလိမ့်မယ်..။

စိတ်ဓါတ်ကို အကျဉ်းချဘို့
ဘယ်လိုချုပ်နှောင်မှုမျိုး ရှိခဲ့ဘူးလို့လည်း..။

သူတို့ရဲ့ လက်ရိုင်းတွေကြောင့် စုတ်ပြတ်မသွားစေပဲ
ပုံပန်းတကျ ကျစ်လစ်မာကျော စေဖို့ ပြုပြင် ယူခဲ့ပါလိမ့်မယ်..
ပြီးတော့. သူ ဘယ်တော့မှ လွတ်ချမှာမဟုတ်တဲ့ မြို့တော်ကြီး
အပေါ်ကနေ ဖီးနစ်ငှက်တကောင်လို ပျံဝဲလာပါလိမ့်မယ်..။

( နေဘုန်းလတ်အတွက် တက်စလာမှ ပေးပို့ပါသည် )

No comments: