Thursday, February 14, 2008

ဦးဇာဂနာမှ ကိုနေဘုန်းလတ်သို့

ကျနော့််ကိုယ်စား ဒီစာလေးတင်ပေးပါ.. ၊ ကျနော့် နံမယ်နဲ့သုံးပေးပါ ဆိုပြီးပေးလာခဲ့တာပါ ... ။

ညီလေးတစ်ယောက်ပါ
တစ်ခါမှ မငြင်းဆန်ဖူးခဲ့
သူများအတွက်လုပ်ရမယ်ဆို
ဘယ်လိုကူရကူရ
ဘယ်လောက်ကူရကူရ
ညီလေးတစ်ယောက်ပါ
ညာဖက်လက်မောင်းဖျောင်းကနဲကျိုးသလို
ဆစ်ကနဲနာကျင်ခဲ့ရ
မျက်မှန်ထူအောက်က သူ့မျက်ဝန်းတွေ
ငေးမောနေတာမဟုတ်
လွင့်မျောနေတာမဟုတ်
ခု သူဘယ်မှာလဲ
ပါဝင်ခွင့်မရတဲ့လောက ကို
သူငေးမောနေလေမလား။
ညီလေးတစ်ယောက်ပါ။

နေဘုန်းလတ် အတွက်
ရေးဖွဲ့သူ ... ဇာဂနာ

(ကဗျာကို နှင်းမိုးဝေ http://hninmoewai.blogspot.com/2008/02/blog-post_07.html ထံမှ ကူးယူဖေါ်ပြပါသည်)

No comments: